စက်မှုအတတ်ပညာအခြေခံ အခမဲ့သင်ကြား

စက်မှုအတတ်ပညာအခြေခံ အခမဲ့သင်ကြား

မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေက Grade 9, 10, 11, 12 ကျောင်းသားလူငယ်လေးတွေကို နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ စက်မှုအတတ်ပညာအခြေခံလေးတွေ အခမဲ့ သင်ကြားပို့ချပေးခဲ့ပါသည်။
 
အဆိုပါသင်တန်းကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)နှင့် ပညာရေးဝန်ကြီးဌာန ၊ မြင်းခြံမြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်းပြီး ၂၉.၃.၂၀၂၄ တွင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
 
ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နှင့်အညီ ဘာသာရပ်ဆိုင်ရာ ဆရာမတွေရဲ့ ကြိုးစားအားထုတ်ပေးမှုနဲ့အတူ Trainer Kit လေးတွေ ဖန်တီးပြီး လေ့ကျင့်မှုအတွက် အထောက်အကူဖြစ်အောင် ဆောင်ရွက်ခဲ့ပါသည်။
 
စက်၊ စိုက်၊ မွေးအစီအစဉ်အရ လူငယ်လူရွယ်တွေအနေနဲ့ ဘဝရဲ့ လမ်းသွယ်လေးတွေ ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါသည်။