(၁၅.၁၀.၂၀၂၄)ရက်နေ့တွင် ကျရောက်သော အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ (၁၁)နှစ်ပြည့်နှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ
ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့ခိုင်မြဲပါစေ။ ဖီးနစ်ငှက်ကဲ့သို့ အမြန်ပြန်လည်နိုးထနိုင်ပါစေ။
သင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်များ၊ ဆရာ/ဆရာမများအားလုံးသည်လည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ကောင်းသော လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ။
စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်းအမှတ်စဉ်(၁)မှ အမှတ်စဉ်(၈)အထိ တက်ရောက်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများသည်လည်း ရွှင်လန်းချမ်းမြေ့စွာဖြင့် မိမိအကျိုး၊ မိသားစုအကျိုးကို ထမ်းရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းကို အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ)၏ (၁၁) နှစ်ပြည့် နှစ်ပတ်လည်နေ့အမှတ်တရ ပေးပို့အပ်ပါသည်။