လူငယ်​​ရေးရာ​ဟော​ပြောပွဲဖိတ်​ကြား

Post by ITC Myingyan | 2019-09-12

လူငယ်​​ရေးရာ​ဟော​ပြောပွဲဖိတ်​ကြားလွှာ

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာန ၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန အောက်ရှိ အမှတ်​ ( ၆ ) စက်​မှုသင်​တန်း​ကျောင်း ( မြင်းခြံ ) တွင် တက်ရောက်ပညာသင်ကြားနေ သော စက်မှုကျွမ်းကျင် (၁) နှစ် သင်တန်း အမှတ် စဉ် (၆) သင်တန်းသား/သူများ အ တွေး အ ခေါ် ပိုမိုမြင့် တက်လာစေရန် လူငယ်ရေးရာ အမြင်များ ပိုမို တိုးပွားစေရန်နှင့် ပရဟိတစိတ် ထားများ ပိုမို ထက်သန်လာစေရန် ရည် ရွယ်၍ လူငယ်ရေးရာ ဟော ပြော ပွဲကို ( ၁၄.၉.၂၀၁၉ ) ရက်နေ့ (၁၃း၀၀) နာရီ တွင် သင်တန်းကျောင်း စုပေါင်းခန်းမ တွင် ပြု လုပ်မည် ဖြစ်ပါသည်။ သင်​တန်းဆင်းများ၊မိတ်​​ဆွေအ​ပေါင်းအသင်းများ၊ဆရာသမားများအား ဖိတ်​ကြားအပ်​ပါသည်​။
တဆက်တည်း တစ်​ကိုယ်​​တော်​ပရဟိတသမားများကွန်​ယက်​သို့​ရေ​ဘေးအလှူ​ငွေ​ပေးအပ်​လှူဒါန်းပွဲကိုပါ ကျင်းပသွား
မည်​ဖြစ်​ပါသည်​။ အမှတ်​ ( ၆ ) စက်​မှုသင်​တန်း​ကျောင်း ( မြင်းခြံ )မှ နည်းပြဆရာ/ဆရာမများနှင့်​ စက်​မှုကျွမ်းကျင်​ ( ၁ )နှစ်​ သင်​တန်း အမှတ်​စဉ်​ ( ၆ )သင်​တန်းသား/သင်​တန်းသူ များ၊​နေ့စားဝန်​ထမ်းများနှင့်​ သက်​သာဆိုင်​များ၏ သဒ္ဓါ
တတ်​အားသ​ရွေ့ ထည့်​ဝင်​လှူဒါန်းထား​သော စု​ပေါင်း အလှူ​ငွေဖြင့်​ လှူဒါန်းသွားမည်​ဖြစ်​ပါသဖြင့်​ သာဓု​ခေါ်ဆို
နိုင်​ပါရန်​ ကြိုတင်​အသိ​ပေးအ​ကြောင်းကြားအပ်​ပါသည်​။

Back ⇦

(1) Machine Tools Operator Course

(2) Tools and Die Maker Course

(3) CNC Operator Course

(4) Industrial Electrician Course

(5) Electronics Mechanics Course

(6) Welder & Sheet Metal Course

(7) Foundry Course

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲနှုန်း

Name

Email Address

Course of Interest

Message